**ကစဉ့်ကလျားနဲ့ ညစ်ထေးမှု့တွေ စွန်းပေလေတိုင်း ဖြေစရာဆိုလို့ လူမသိ သူမသိ ဟောဒီ ကလောင်တစ်ချောင်းပဲရှိသူ**

17 February 2012

“စု”

အောင် မြင်သူတွေဖြစ်ဖို့ စု ထားကြ
ဆန်း သစ်တီထွင်သူတွေဖြစ်ဖို့ စု ထားကြ
စု စည်း ညီညွတ်ဖို့ လက်တွေ စု ထားကြ
ကြည် လင် အေးမြတဲ့ ရေကိုသုံးဆောင်ဖို့ စု ထားကြ၊

အောင် မြင်နေ (ခဲ့) သူတွေဟာ သူ့နည်း သူ့ဟန်နဲ့ စုနေ (ခဲ့) ကြသူတွေဖြစ်တယ်
မြင် ခြင်း မမြင်ခြင်းကတော့ ကြည့်သူရဲ့ မျက်လုံးပေါ်မှာပဲ တည်တယ်
ပါ စေ နာစေ သာစေ ဆိုတဲ့ အယူသည်းမှု့တွေ မရှိကြေး
စေ တလုံး ပိုင်ရှင်တွေဖြစ်ဖို့ (ဒီကဗျာ ဖတ်ပြီးကတည်းက) စုသာ ထားကြ။ ။

ဧဏီမင်း
17.02.2012

2 ဦးက ဒီလိုပြောတယ်၊:

jasmine(တောင်ကြီး) said...

ဟုတ်တယ်နော်
(မြင် ခြင်း မမြင်ခြင်းကတော့ ကြည့်သူရဲ့ မျက်လုံးပေါ်မှာပဲ တည်တယ်)
အရာအားလုံးစုထားရင် စုနိုင်ရင်အကောင်းဆုံးပါပဲရှင်
ခင်မင်တဲ့ jasmine

ဆန်းသစ်အောင် said...

အော်.. တော်ပါသေးရဲ့ဗျာ

ရင်ခွင်သစ် ပျောက်ကွယ်သွားပီမှတ်လို့

ပြန်လည်နိုးထလာမှုအတွက် ကြိုဆိုလျှက်ပါ

ခင်မင်အားပေးလျှက်
ဆန်းသစ်အောင်